ကိုဗစ် -၁၉ အထူးချေးငွေ ရန်ပုံငွေစာရင်းတွင် စုစုပေါင်းရန်ပုံငွေ ကျပ် ၂၃၉ ဒဿမ ၉၁၇ ဘီလီယံ ရှိခဲ့

ချေးငွေထုတ်ချေးခဲ့မှုများအနက် အချို့လုပ်ငန်းများမှ ချေးငွေ အရင်းအတိုးများ ပေးဆပ်လျက်ရှိ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းကြီးများ ပုံမှန်လည်ပတ်နိုင်ရန် နှင့် စီးပွားရေးပြန်လည် ဦးမော့လာစေရန်အတွက် ချေးငွေများ ထုတ်ချေးနိုင်ရန် အမျိုးသားသဘာဝ‌ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လွှဲပြောင်းခဲ့သည့် ကျပ် ၂၁၄ ဒဿမ ၀၉၆ ဘီလီယံကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉အထူးချေးငွေရန်ပုံငွေစာရင်းကို ဖွင့်လှစ်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ကိုဗစ်-၁၉အထူးချေးငွေဦးဆောင် ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ယမန်နေ့က ကျင်းပသည့် ကိုဗစ်-၁၉ အထူးချေးငွေ ဦးဆောင်ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ငွေကျပ် ၂၅ ဒဿမ ၈၂၁ ဘီလီယံ ထပ်မံရရှိခဲ့သဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ် ၂၃၉ ဒဿမ ၉၁၇ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

ထိုနောက် ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီ နှင့် ချေးငွေစိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ချေးငွေများ ထုတ်ချေးခဲ့ကြောင်း လေကြောင်း ပို့ဆောင်ရေးကဏ္ဍ နေကြာသီးနှံနှင့် ဆီထွက် သီးနှံ ကဏ္ဍများကို ထုတ်ချေးခဲ့ပြီး အချို့မှာ ချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝ်နကြီး ဒေါက်တာကံဇော် ကပြောသည်။

အချို့လုပ်ငန်းများမှာ ချေးငွေအရင်း၊အတိုးများကို ပေးဆပ်လျက်ရှိသောလည်း အချို့လုပ်ငန်းများ ပြန်လည်ပေးဆပ်ရန်သက်တမ်းစေ့ရောက်ခြင်း မရှိသေးကြောင်းလည်း ပြည်ထောင်စုဝန်ကြီး က ယမန်နေ့က ကျင်းပသည့် ကိုဗစ်-၁၉ အထူးချေးငွေ ဦးဆောင်ကော်မတီအစည်းအဝေး ၌ ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေစာရင်းထူထောင်ခြင်းနှင့် ဆောင်ရွက်မှုအခြေအနေများကိုလည်း ခြောက်လတစ်ကြိမ် မှတ်တမ်းတင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

image