မူပိုင်ခွင့်လျှောက်ထားချက်များကို တိကျသော စစ်ဆေးမှုရလဒ်များနှင့် စိတ်ကျေနပ်စေမည့်ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစားသွားရန်လို

မူပိုင်ခွင့်လျှောက်ထားချက်များကို စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး မူပိုင်ခွင့်ပိုင်ရှင်များအတွက် တိကျသောစစ်ဆေးမှုရလဒ်များနှင့် စိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစားသွားကြစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။

မူပိုင်ခွင့်ဦးစီးဌာန (၅) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန်အတွက် ခိုင်မာသည့် မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်နိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့သည်။

စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုက်စေရေးအတွက် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန် ရွယ်ရွယ်ချက်နှင့်အညီ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်အကာကွယ်ပေးသည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

image