ဝန်ဆောင်မှုမျိုးစုံကို အခကြေးငွေပေးရန်မလိုဟု ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထား

ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလုပ်ကိုင်လျက်ရှိသော တရားဝင်သို့မဟုတ် တရားမဝင် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးနှင့် ပက်သက်သည့် ဝန်ဆောင်မှုမျိုးစုံကို အခကြေးငွေပေးရန်မလိုအပ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အတူ မြန်မာသံရုံးမှ ဆောင်ရွက်လျက်ရှိသည့် သံရုံးဝန်ဆောင်မှုများကို ခုတုံးလုပ်၍ လိမ်လည်ကောက်ခံသူများကိုတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၃ရက်) တွင် အသိပေးကြေညာထားခြင်းဖြစ်ကာ မြန်မာသံရုံးအနေဖြင့် မိမိနိုင်ငံသားများအကျိုး ကြည့်ရှုကာကွယ်စောင့်ရှောက်ရန် တစ်ခုတည်းသောစိတ်ဖြင့် စေတနာထားဆောင်ရွက်လျက်ရှိပြီး အခကြေးငွေ တစ်စုံတစ်ရာပေးရန် မလိုကြောင်း ဖော်ပြထားသည်။

သို့သော် သံရုံး၏ ဝန်ဆောင်မှုများဖြစ်သည့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျေ-ာက်ဆုံး၊ ပျ-က်စီး လျှောက်ထားခြင်း၊ အခွန်ပေးဆောင်ခြင်းစသည့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ အပေါ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် စာအုပ်တန်ဖိုး၊ ဒ-ဏ်ကြေးများအပြင် အခြားအခကြေးငွေပေးရန် မလိုကြောင်းလည်း ဆိုသည်။

သံရုံးအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအားလည်းကောင်း၊ မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်စေလွှတ်နိုင်ရေးကိစ္စများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

image