ဘုတ် (သို့မဟုတ်) ရေယာဉ်ပျံဖြင့်သာ လာရောက်နိုင်မယ့် ကိုယ်ပိုင်ကျွန်းမှ ဇိမ်ခံအိမ် ၂ လုံးကို ပေါင် ၇ သန်းဖြင့် ခရစ္စတီယာနိုရော်နယ်ဒို ဝယ်ယူလာ
======================
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ ဘုတ် (သို့မဟုတ်) ရေယာဉ်ပျံဖြင့်သာ လာရောက်နိုင်မယ့် သီးသန့် ကိုယ်ပိုင်ကျွန်းမှ ဇိမ်ခံအိမ် ၂ လုံးအား ဝယ်ယူလာပါတယ်။
Al Nassr စူပါစတားဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆော်ဒီကလပ်တွင် နောက်ထပ် ၂ နှစ်ဆက်ရှိနေမယ့် ပေါင် ၄၉၂ သန်းတန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးတဲ့နောက် ကစားသမားဘဝအလွန်ကာလများအတွက် ပြင်ဆင်တဲ့အနေဖြင့် ရင်းနှီးမြှပ်နှံမှုများ ဆက်တိုက် ပြုလုပ်လာခဲ့ပါတယ်။
ယခု သူဟာ ပင်လယ်နီအလယ်ပိုင်း ကမ်းခြေမှ ၁၆ မိုင်အကွာရှိ ကျွန်းတစ်ကျွန်းမှ ဇိမ်ခံ့အိမ်အား ဝယ်ယူလာပါတယ်။
ပေါ်တူဂီစူပါစတားဟာ ပင်လယ်နီရှိ နူဂျူမာကျွန်းမှ ဇိမ်ခံအိမ် နှစ်လုံးကို ဝယ်ယူလာတာလည်း ဖြစ်ပါတယ်။
ယင်းကျွန်းမှာ လက်ရှိ ခရစ္စတီယာနိုရော်နယ်ဒို နေထိုင်နေတဲ့ ဆော်ဒီနိုင်ငံရဲ့မြို့တော် ရီယာ့ဒ်မှ မိုင် ၈၀၀ နီးပါးအကွာတွင် တည်ရှိပြီး သီးသန့်အဖိုးတန်ဇိမ်ခံများ သီးသန့်တည်ဆောက်ထားတဲ့ အိမ်ယာ ပါရှိပါတယ်။
ယင်းကျွန်းမှ အိမ်တစ်လုံးလျှင် ပေါင် ၃.၅ သန်းတန်ဖိုးရှိပါတယ်။ ယင်းအိမ်ယာကို ဗြိတိန်ဗိသုကာပညာရှင် လော့ဒ်နော်မန်းဖော်စတာက ဒီဇိုင်းဖန်တီးထားတာလည်း ဖြစ်ပါတယ်။
ယင်းကျွန်းသို့ မော်တော်သို့ ရေယာဉ်ပျံဖြင့်သာ လာရောက်နိုင်ပါတယ်။ ဧည့်သည်များအနေဖြင့် ပင်လယ်နီနိုင်ငံ့တကာလေဆိပ်မှ တဆင့် လာရောက်ရမှာလည်း ဖြစ်ပါတယ်။
နူဂျူမာရှိ နေအိမ်များရဲ့ တန်ဖိုးမှာ ပေါင် ၃ သန်းမှ ပေါင် ၄.၅ သန်းအတွင်း ရှိပြီး ခရစ္စတီယာနိုရော်နယ်ဒိုက ပထမဆုံးဝယ်ယူသူများစာရင်းတွင် ပါဝင်ပါတယ်။
ရော်နယ်ဒိုဝယ်ယူလိုက်တဲ့ အိမ်နှစ်လုံးမှ တစ်လုံးတွင် မိသားစုအိပ်ခန်း ၃ ခန်းအပြင် အခြားအိပ်ခန်း ၂ ခန်းလည်း ပါဝင်ပါတယ်။
ယင်းကိုယ်ပိုင်ကျွန်းတွင် ဂေါက်ကွင်းပါဝင်သလို နောင်တွင် အပန်းဖြေစခန်း ၁၁ ခုအထိ ဖွင့်လှစ်ရန်လည်း စီစဉ်ထားပါတယ်။