3 ရက် - ဘာသာပြန်ပါ။

ဝက်စ်ဟမ်းတိုက်စစ်မှူးဖူးခရက်ဂ်ကို အငှားဖြင့် ခေါ်ယူရန် အေစီမီလန် နီးစပ်နေ
====================

အေစီမီလန်ဟာ ဝက်စ်ဟမ်းမှ ဂျာမနီတိုက်စစ်မှူးနစ်ကလပ်စ်ဖူးခရက်ဂ်အား ၆ လအငှားဖြင့် ခေါ်ယူရန် နီးစပ်နေကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် နည်းပြသစ်နူနိုအက်စ်ပီရီတိုဆန်တို လက်အောက်တွင် အကန့်အသတ်ဖြင့်သာ ကစားနေရတဲ့ ဖူးခရက်ဂ်အား ထွက်ခွာခွင့်ပေးလာပါမယ်။

မီလန်နှင့် ဝက်စ်ဟမ်းတို့ဟာ အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူးအား ရာသီအကုန်အထိ အငှားချထားရေးအတွက် အပြီးသတ်သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီလည်း ဖြစ်ပါတယ်။

ယင်းအငှားစာချုပ်အတွင်းတွင် မီလန်အနေဖြင့် ဖူးခရက်ဂ်ကို အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းလာပါမယ်။

ဖူးခရက်ဂ်ဟာ ယခုရာသီတွင် ဝက်စ်ဟမ်းအတွက် ၉ ပွဲတည်းသာ ကစားခွင့်ရထားပြီး စုစုပေါင်း ၂၈ ပွဲကစားထားရာတွင် ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။

သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဒေါ့မွန်မှ ပေါင် ၁၉ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရပါတယ်။

image