ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပယ်နယ်တီကို ရာနှုန်းပြည့်ဂိုးသွင်းယူနိုင်မှု အများဆုံးမှတ်တမ်းကို ဟီမင်နက်ဇ် လိုက်မီ
ဖူလ်ဟမ်တိုက်စစ်မှူး ရာအူးလ်ဟီမင်နက်ဇ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ပယ်နယ်တီကို ရာနှုန်းပြည့်ဂိုးသွင်းယူနိုင်မှု လက်ရှိအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေးက ၁၁ လုံးမှာ ၁၁ ဂိုးသွင်းပြီး လက်ရှိအများဆုံး ဖြစ်နေတာပါ။
ဟီမင်နက်ဇ်က နော်တင်ဟမ်ဖောရက်နဲ့ပွဲမှာ ပယ်နယ်တီကနေ အနိုင်ဂိုးသွင်းပြီး ပယ်နယ်တီ ၁၁ လုံးမှာ ၁၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ၁၂ လုံးကန် ၁၂ ဂိုးဝင်ကာ စံချိန်သစ်တင်ခဲ့ပေမဲ့ သူ့ရဲ့မှတ်တမ်းက အခုနှစ်မတ်လမှာ ရပ်တန့်ခဲ့ရပါတယ်။
ဟီမင်နက်ဇ်အနေနဲ့ ကိုးလ်ပါလ်မာ တင်ရှိခဲ့တဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ ပယ်နယ်တီနှစ်ဂိုးသာ လိုအပ်ပါတော့တယ်။
ဖူလ်ဟမ်အသင်းဟာ အခုနှစ် ဇန်နဝါရီလ အစ်ဝစ်ချ်နဲ့ပွဲမှာ ပယ်နယ်တီရပြီးနောက် ပရီးမီးယားလိဂ်မှာ အခုပွဲမှာမှပြန်ရခဲ့လို့ တစ်နှစ်နီးပါးလောက် ကြာမြင့်ခဲ့ပါတယ်။