3 ရက် - ဘာသာပြန်ပါ။

လာမယ့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကွင်းလယ်ပိုင်းကို မန်ယူနိုက်တက် အဓိကအားဖြည့်ဖွယ်ရှိ

မန်ယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကွင်းလယ်ပိုင်းကို အားဖြည့်ဖွယ်ရှိနေပါတယ်။

နည်းပြ အာမိုရင်မ်ဟာ စီနီယာကွင်းလယ်လူ နှစ်ဦးလောက် ခေါ်ယူဖို ဆန္ဒရှိနေတာပါ။

မန်ယူနိုက်တက်အသင်းအဖို No.6 Role နဲ့ box-to-box ကစားနိုင်တဲ့ ကစားသမားနှစ်ဦးကို အလိုရှိနေတာဖြစ်တယ်။

မန်ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းက ဘာလယ်ဘာ၊ နော်တင်ဟမ်ဖောရက်စ်အသင်းက အဲလိယတ်အန်ဒါဆန်၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ဝေါ်တန်၊ ဘုန်းမောက်အသင်းက တိုင်လာအဒမ်စ်၊ စတုဂတ်အသင်းက စတယ်လာတိုကိုလည်း
ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ဖြစ်နိုင်ခြေရှိတာက အက်သလက်တီကိုအသင်းက ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဂယ်လာဂါနဲ့ အယ်လ်ဟီလာကွင်းလယ်လူ နယ်ဗီးစ်တိုပါပဲ။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကလည်း ဂယ်လာဂါကို အငှားခေါ်ယူဖို ကြိုးပမ်းခဲ့ဖူးပြီး ပယ်ချခံခဲ့ရပါတယ်။

အက်သလက်တီကိုအသင်းက ဂယ်လာဂါကို အငှားချဖိုထက် ပေါင် ၃၅ သန်းနဲ့ အပြီးထုတ်ရောင်းဖိုသာ ဆန္ဒရှိနေပါတယ်။

image