မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲရုံ ပေါင်း (၆၅၆) ရုံ ဖွင့်လှစ်သွားမည်

မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တွင် မွန်ပြည်နယ် တစ်ပြည်နယ်လုံး၌ မဲရုံပေါင်း (၆၅၆) ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရွေးကောက်ပွဲအပိုင်း (၁)တွင် မဲရုံပေါင်း (၃၃၅) ရုံ နှင့် အပိုင်း (၂) တွင် မဲရုံပေါင်း (၃၂၁) ရုံ၊ စုစုပေါင်း (၆၅၆) ရုံ ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟုဆိုသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် မော်လမြိုင်မြို့နယ်အတွင်း မဲရုံပေါင်း (၁၁၇) ရုံရှိကာ သံဖြူဇရပ်မြို့နယ်အတွက် မဲရုံပေါင်း (၅၅) ရုံ ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၄၂) အုပ်စုရှိကာ သံဖြူဇရပ်မြို့နယ်တွင် (၄၁) အုပ်စု ရှိကြောင်း သိရသည်။

image