မော်စကိုတွင် ကားဗုံးခွဲမှု၌ ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ‌ေ-သဆုံး

မော်စကိုတွင် ကားဗုံးခွဲမှုတစ်ခုတွင် ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း နိုင်ငံ၏ စုံစမ်းစစ်ဆေးရေးကော်မတီက တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

တနင်္လာနေ့ နံနက်ပိုင်းက ကိုယ်ထည်အောက်ရှိ ဖေ-ာက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသည့်ကားတစ်စီးသည် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆင်ရေးလေ့ကျင့်ရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယဗိုလ်ချုပ်ကြီး ဖာနီးလ် ဆာဗာရော့ဗ်သည် ပေ-ါက်ကွဲမှုတွင် ‌ေ-သဆုံးသွားခဲ့ကြောင်း ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားအေဂျင်စီက ထုတ်ပြန်သော ဗီဒီယိုတွင် ကားရပ်နားရာနေရာ၌ ပျ-က်စီးနေသော ယာဉ်တစ်စီးကို ပြသခဲ့သည်။

“စစ်တပ်အရာရှိတစ်ဦးကို သ-တ်ဖြတ်မှု” ဖြင့် ရာဇဝတ်မှုဖွင့်ထားကြောင်း ကော်မတီက ပြောသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က စဉ်းစားနေ‌သော အယူအဆတစ်ခုမှာ ယူကရိန်း၏ အထူးတပ်ဖွဲ့များ ပါဝင်ပတ်သက်ခြင်းရှိ၊ မရှိ ဟူ၍ဖြစ်သည်ဟု သူက ထပ်‌လောင်းပြောကြားခဲ့ပါသည်။

image