ချမ်းအေးသာစံမြို့နယ်၌ (၂)ထပ်နေအိမ်တစ်လုံးတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ (၂)ထပ်နေ အိမ်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြား ၃၅ လမ်း၊ မောရဂီဝရပ်ကွက်ရှိ (၂)ထပ်ပျဥ်ထောင်အိမ်တစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image