ဖျ-က်ဆီးခံခဲ့ရသည့် ဧရာဝတီ(ရတနာသိင်္ခ)တံတားကို ပြန်လည် ပြုပြင်မည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်း၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထားသည့် ဧရာဝတီ(ရတနာသိင်္ခ)တံတားကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပြန်လည်ပြုပြင်ပေးမည်ဟု ထုတ်ပြန်သည်။

စဉ့်ကူးမြို့နှင့် ဒေသတစ်ဝိုက်ကို ဒီဇင်ဘာ ၁၉ ရက်က ပြန်ထိန်းချုပ်ခဲ့ပြီးနောက် ရတနာသိင်္ခတံတားနှင့် အနီးတစ်ဝိုက်ကို ဒီဇင်ဘာ ၂၂ ရက်က ပြန်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ထို ရတနာသိင်္ခတံတားသည် (အောက်တိုဘာ ၂၉ ရက်) က လက်နက်ကိုင်အဖွဲ့အစည်းတခု၏ မိုင်းခွဲဖျ-က်ဆီးခံခဲ့ရခြင်းဖြစ်ကာ တံတား၏ ရေလည်တိုင်များ ကျိုးကျပျ-က်စီးခဲ့ခြင်း ဖြစ်သည်။

ထိုတံတားကို ပြန်လည်ပြင်ဆင်ပြီးပါက ဒေသတွင်းကုန်စည်စီးဆင်းရေး ပိုမိုမြန်ဆန်လာမည်ဖြစ်ကာ သွားလာရေးလွယ်ကူသွားမည် ဖြစ်ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

image