1 ရက် - ဘာသာပြန်ပါ။

Sherdog ဝက်ဘ်ဆိုက်က ချီးမြှင့်တဲ့ဆုနှစ်ဆုကို ဂျိုရှူအာဗန် ရရှိ

ချင်းတိုင်းရင်းသား မြန်မာ ကစားသမား ဂျိုရှူအာဗန်ဟာ Sherdog ဝက်ဘ်ဆိုက်က ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး MMA အမျိုးသား ကစားသမားဆု (Sherdog's 2025 Male Fighter of the Year) နှင့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးပွဲ ( Sherdog's 2025 Fight of the Year ) ဆုတို့ကို ရရှိခဲ့ကြောင်း သိရပါတယ်။

Sherdog ဝက်ဘ်ဆိုဒ်ဟာ ကမ္ဘာ့ MMA လောကမှာ အားကိုးအားထားပြုနေရတဲ့ နာမည်ကျော် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြမှုအရ ချင်းတိုင်းရင်းသား မြန်မာကစားသမား ဂျိုရှူအာဗန်ဟာ ယခု ၂၀၂၅ ခု နှစ်အတွင်း လေးပွဲထိုးသတ်ထားရာမှာ လေးပွဲစလုံးကို အနိုင်ရရှိထားကြောင်း၊ ပြီးခဲ့တဲ့မတ်လ ၈ ရက်က ကျင်းပခဲ့တဲ့ UFC 313 ပြိုင်ပွဲမှာ ဂျပန်ဖိုက်တာ ရေးတက်ဆူရာကို အသာစီးထိုးသတ်ခဲ့ပြီး ဒိုင်သုံးဦးစလုံးက ပေးအပ်တဲ့ အမှတ်များနဲ့ အငြင်းပွား ဖွယ်မရှိ အနိုင်ရခဲ့ကြောင်း၊ ထို့နောက် ဇွန် ၇ ရက်မှာ ကျင်းပခဲ့တဲ့ UFC 316 ပြိုင်ပွဲမှာ ဘရာဇီးဖိုက်တာ ဘရူနိုဒါဆေးလ်ဗားကို တတိယအချီမှာ အလဲထိုးကာ အနိုင်ယူခဲ့ကြောင်း၊ ထို့နောက် ဇွန် ၂၈ ရက်မှာ ကျင်းပတဲ့ UFC 317 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်းရဲ့ အဆင့် ၁ ကစားသမား အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကို အသာစီးထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရခဲ့ကြောင်း၊ ထို့နောက် မကြာသေးခင်က ကျင်းပခဲ့တဲ့ UFC 323 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်တန်း ချန်ပီယံ ပန်တိုဂျာကို ၂၆ စက္ကန့်အတွင်း အလဲထိုးကာ အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့ကြောင်း အစရှိသဖြင့် ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြခဲ့ပါတယ်။

Sherdog ဝက်ဘ်ဆိုက်က ချီးမြှင့်တဲ့ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးပွဲ ( Sherdog's 2025 Fight of the Year ) ဆုကို ပြီးခဲ့တဲ့ဇွန် ၂၈ ရက်က UFC 317 ပြိုင်ပွဲမှာ ဂျိုရှူအာဗန်နဲ့ အမေရိကန် ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်တို့ ထိုးသတ်ခဲ့တဲ့ပွဲကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

image