1 ရက် - ဘာသာပြန်ပါ။

အသင်းများအနေဖြင့် မိမိကို အလိုရှိပါက တိုက်ရိုက်ဆက်သွယ်နိုင်ဟု ဇော်မင်းထွန်း ဆို

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ နောက်ခံကစားသမား ဇော်မင်းထွန်းက ကလပ်အသင်းများအနေဖြင့် မိမိကို အလိုရှိပါက တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိ အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ လက်ရွေးစင်ဟောင်းနောက်ခံလူ ဇော်မင်းထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄- ၂၀၂၅ ရာသီတုန်းက ထိုင်းလိဂ်-၂ ကလပ် ဘန်ကောက်အသင်းမှာ ကစားခဲ့ပြီး ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး လမ်းခွဲထားခြင်းဖြစ်ပါတယ်။

ဇော်မင်းထွန်းဟာ ယခု ၂၀၂၅- ၂၀၂၆ ရာသီ ပထမအကျော့ ပြီးဆုံးချိန်အထိ အသင်းလက်မဲ့ဖြစ်နေပြီး လက်ရှိဖွင့်လှစ်ထားတဲ့ ရာသီဝက်အပြောင်းအရွှေ့ကာလမှာ အသင်းရရှိဖို့ မျှော်လင့်နေလျက်ရှိကြောင်း သိရပါတယ်။

ဇော်မင်းထွန်းက မိမိဟာ ပြီးခဲ့တဲ့သြဂုတ် ၃၀ ရက်ကတည်းက လွတ်လပ်တဲ့ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်နေကြောင်း၊ မိမိတွင် အေးဂျင့်မရှိကြောင်း၊ လက်ရှိတွင် အကောင်းဆုံးခြေစွမ်းပိုင်းကို ရရှိနေကြောင်း၊ အသင်းတစ်သင်းနဲ့ အောင် မြင်မှုရရန် အမြန်ဆုံးစတင်လက်တွဲလိုကြောင်း၊ ကလပ်အသင်းများအနေနဲ့ မိမိကို အလိုရှိပါက တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းနဲ့ ဖီဖာနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းတို့ကို ရေးသားပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

image