4 ပတ် - ဘာသာပြန်ပါ။

German Footballing Personality of the Year ဆုဆွတ်ခူးနိုင်ခဲ့အပြင် ဘွန်ဒက်စ်လီဂါ ဂိုး ၁၀၀ တွင် ပါဝင်ပတ်သက်နိုင်ခဲ့ကာ ၂၀၂၅ ကို နှုတ်ဆက်နိုင်ခဲ့တဲ့ ဟယ်ရီကိန်း
======================

ဟယ်ရီကိန်းဟာ ဟိုင်ဒမ်ဟိမ်းအား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါတွင် ဂိုးနှင့် ဖန်တီးမှု စုစုပေါင်း အကြိမ် ၁၀၀ ပြည့်လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း စွမ်းဆောင်နိုင်ခဲ့မှုများအတွက် Kicker မဂ္ဂဇင်းရဲ့ German Footballing Personality of the Year ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ်တွင် စပါးစ်မှ ဘိုင်ယန်မြူးနစ်သို့ မပြောင်းမီကတည်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်ပြီး အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးစံချိန်ကို ရိုက်ချိုးမယ့်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

တဖက်တွင် သူဟာ စပါးစ်နှင့်သော်လည်းကောင်း၊ အင်္ဂလန်နှင့်လည်းကောင်း ဆုဖလားတစ်လုံးမျှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ ယင်းရဲ့အကျိုးဆက်အဖြစ် ဟယ်ရီကိန်းဟာ စပါးစ်ကို စွန့်ခွာပြီး ဆုဖလားဆွတ်ခူးနိုင်ရေးအတွက် မြောက်လန်ဒန်ကို စွန့်ခွာကာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းခဲ့ပါတယ်။

သူဟာ ဘွန်ဒက်စ်လီဂါပထမဆုံးရာသီတွင် ဂိုးသွင်းစံချိန်များစွာ ရေးထိုးနိုင်ခဲ့ပေမယ့် ဆုဖလား မဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာတော့ ဘွန်ဒက်စ်လီဂါဖလားဆွတ်ခူးကာ ဆုဖလားကျိန်စာကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ သူဟာ Kicker မဂ္ဂဇင်းရဲ့ German Footballing Personality of the Year ဆုကို ဆွတ်ခူးလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ တနင်္ဂနွေနေ့ ဟိုင်ဒန်ဟိမ်းနှင့်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ၇၈ ပွဲတွင် ဂိုးနှင့် ဖန်တီးမှု အကြိမ် ၁၀၀ ပြည့် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါ ၇၈ ပွဲတွင် ၈၁ ဂိုးသွင်းပြီး ၁၉ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

ဒါ့အပြင် ဟယ်ရီကိန်းဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ဂိုး ၃၀ သွင်းထားတဲ့အပြင် ၃ ကြိမ် ဖန်တီးထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဟိုင်ဒမ်ဟိန်းပွဲစဉ်အပြီးမှာ ဆောင်းရာသီတစ်ထောက်နားပြီ ဖြစ်ပါတယ်။ ဗင်းဆင့်ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အိမ်ကွင်းမှာ ဝုဖ်ဘတ်ကို ဧည့်ခံကစားပြီး ဒုတိယရာသီဝက် စတင်ရပါမယ်။

image