4 ပတ် - ဘာသာပြန်ပါ။

ဘရူနိုဖာနန်ဒက်စ် ရက်သတ္တပတ်အတန်ကြာ နားရမည်ဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရတဲ့ ယူနိုက်တက်
======================

ယူနိုက်တက်ဟာ အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်တဲ့အပြင် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ရက်သတ္တပတ်အတန်ကြာ အနားယူလာရမှာ ဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

ဘရူနိုင်ဖာနန်ဒက်စ်ဟာ တနင်္ဂနွေနေ့ညတုန်းက ဗီလာပါ့ခ်တွင် အက်စတွန်ဗီလာအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ပထမပိုင်းတွင် အေမာဒူအိုနာနာရဲ့ ဖျက်ထုတ်မှုကြောင့် လူစားလဲလှယ်ခဲ့ရပါတယ်။

အသက် ၃၁ နှစ်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ အိုးထရက်ဖို့ဒ်တွင် ကစားတဲ့ ၆ နှစ်တာကာလအတွင်းတွင် ဒဏ်ရာနှင့် ဖျားနာမှုကြောင့် ၂ ပွဲတည်းသာ အနားယူလာခဲ့ရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် နောက်ထပ် ထိုးနှက်ချက်က ကွင်းလယ်ကစားသမားကိုဘီမိုင်နူးမှာလည်း နယူးကာဆယ်ကို အဝေးကွင်းသို့ သွားကစားရမယ့် ဘောက်ဆင်ဒေးကိုလည်း လွဲချော်လာမယ့်အရာ ဖြစ်ပါတယ်။

အမိုရမ်က "ပွဲတချို့ လွဲလာမယ်မယ် ထင်တယ်။ အတိအကျတော့ မသိရသေးပါဘူး။ ဘာဖြစ်လာမလဲ ကြည့်ရမယ်။ သူက အမြဲတမ်းကြံ့ခိုင်နေတဲ့သူပါ။ ဒီတော ကောင်းကောင်း ပြန်ကောင်းလာမှာပါ။ အတိအကျတော့ မသိသေးဘူး"လို့ ပြောကြားသွားပါတယ်။

ဗီလာပါ့ခ်ပွဲစဉ်တွင် ကိုဘီမိုင်နူးမှာ ခြေသလုံးဒဏ်ရာကြောင့် လွဲချော်သလို ကက်စ်မီရိုမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

အမိုရမ်က "ဘာလုပ်ရမလဲ သိလာမှာပါ။ ကိုဘီမိုင်နူး ပါဝင်လာဦးမှာ မဟုတ်ဘူး။ ဘရူနိုလည်း နားနေရပြီ။ ဒီတော့ မြင်လာရမှာပါ။ အဖြေရှာသွားပါမယ်။ အပြစ်ပုံချနေမှာ မဟုတ်ဘူး။ နောက်ပွဲ အနိုင်ရဖို့ လိုတယ်။ နောက်ပွဲအနိုင်ရဖို့ ကြိုးစားမယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အမိုရမ်က အသင်းတွင် ဒဏ်ရာပြဿနာ ကြုံနေရမှုများကြောင့် ဇန်နဝါရီတွင် ကစားသမားခေါ်ယူအားဖြည့်ရေးအား အလျှင်စလို ပြုလုပ်သွားမှာ မဟုတ်ကြောင်း ဆိုသွားပါတယ်။

ရူဘင်အမိုရမ်ဟာ တနင်္ဂနွေနေ့ည ဗီလာပါ့ခ်ပွဲစဉ်တွင် အသက် ၁၈ နှစ်ရှိ အကယ်ဒမီစတားများဖြစ်ကြတဲ့ ဂျက်ဖလက်ချာနှင့် ရှီယာလာဆီတို့အား ပထမဆုံးပွဲ ကစားခွင့်ပေးခဲ့ပါတယ်။

image