အိုက်စလန်အသင်းငယ်လေးတွင် ကစားပြီးနောက် ဘောလုံးလောကမှ တိတ်တဆိတ် အနားယူလိုက်တဲ့ အင်္ဂလန်လက်ရွေးစင်စတားဟောင်း
=======================

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်းစတီဗင်ကူလ်ကာဟာ ကွဲပြားတဲ့ ကလပ် ၁၇ ခုတွင် ကျင်လည်ခဲ့ပြီးနောက် ကစားသမားဘဝမှ အနားယူလာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ဗဟိုနောက်ခံလူဟာ လီဗာပူး၊ စပါးစ်၊ ကျူပီအာ၊ ဆွမ်စီး၊ ဝီဂန်နှင့် ဆောက်သမ်တန်တို့တွင် ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူဟာ ဇွန်လတုန်းက အိုက်စလန်ကလပ်ငယ်လေး Stjarnan သို့ တစ်နှစ်ခွဲစာချုပ်ဖြင့် အံ့ဩသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ယင်းကလပ်တွင် ကာလတိုသာ ကစားပြီးနောက် ကစားသမားဘဝမှ အနားယူကာ နည်းပြလောကသို့ ဝင်ရေး လုပ်ဆောင်ရန် ဆုံးဖြတ်လာပါတယ်။

စတီဗင်ကူလ်ကာဟာ ၂၀၁၂ ခုနှစ်တုန်းက ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ ဆွီဒင်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲတွင် အင်္ဂလန်အတွက် တစ်ပွဲတည်းသောပွဲအဖြစ် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ယင်းပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးကစားခဲ့ရာမှာ ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။

သူဟာ ဗြိတိန်အိုလံပစ်အသင်းနှင့်အတူ ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲအသင်းတွင် ပါဝင်ကစားခဲ့ပါတယ်။

ဒါပေမယ့် သူဟာ အင်္ဂလန်အသင်းတွင် ရွေးချယ်မခံရမှုကြောင့် နောက်ပိုင်းတွင် ဆီရီယာလီယွန်အတွက် ကစားခဲ့ပါတယ်။ သူဟာ ဆီရီယာလီယွန်အတွက် ၁၈ ပွဲကစားပေးခဲ့ပါတယ်။

သူဟာ လီဗာပူးတွင် အငှားဖြင့် ကစားစဉ်ကာလတုန်းက ဂျာဂင်ကလော့ပ်လက်အောက်တွင် အရေးပေါ် တိုက်စစ်မှူးအဖြစ်လည်း ကစားခဲ့ပါတယ်။

သူဟာ လီဗာပူးအတွက် ပထမဆုံးပွဲကစားတဲ့ အာဆင်နယ်နှင့်ပွဲတွင် အရက်သောက်ထားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ဖွင့်ဟခဲ့ဖူးပါတယ်။

image