ကလေးမြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား
ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၅)တွင် ပိုင်ရှင် ဦးဂင်လျန်းခမ်၏ (၂၄x၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ်တွင် ငှားရမ်း နေထိုင်သည့် အိမ်ငှား ဒေါ်ညောင်လွန့်တင်ရဲ့ ပေါ့ဆမှုကြောင့် ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကာ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီလောင်မှုနေရာသို့ ကလေးခရိုင်မီးသတ်အတွင်းရှိမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် (၂၄x၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ် (၁)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဒေါ်ညောင်လွန့်တင်(၅၁)နှစ်အား ကလေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
#crd #realnews