ရွှေကြိုမောင်မယ် ဝင်‌ရောက်အရွေးခံသူ(၂၀၀)ကျော်ရှိ
----------------

၂၀၂၅ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းနားအတွက် ရွှေကြိုမောင်မယ် အဖြစ် လျှောက်ထားသူ (၂၀၀)ကျော်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသိရပါတယ်။
ရွှေကြိုမောင်မယ် ပဏာမအဆင့်ရွေးချယ်ပွဲကို ဒီဇင်ဘာ(၂၁)ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ရွှေရတုခန်းမမှာ အပိုင်း(၂)ပိုင်းခွဲပြီး ပထမအဆင့်အဖြစ် လူတွေ့ရွေးချယ်မှု ပြုလုပ်ခဲ့တာပါ။
ရွှေကြိုမောင်မယ်အဖြစ် လျှောက်ထားသူ လူငယ်မျိုးဆက်သစ် (၂၅၀)နီးပါးရှိခဲ့ပြီး အဆင့်(၃)ဆင့်နဲ့ စစ်ဆေးရွေးချယ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး-၂ ဦးချမ်းသာကြည်စိုးက ပြောပါတယ်။
ရွှေကြိုမောင်မယ်တွေကို ပထမအဆင့်အနေနဲ့ ပဏာမလူတွေ့စစ်ဆေး ရွေးချယ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ ပင်ကိုယ်စွမ်းရည်တွေ ကို ပြသရမှာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ဆုံးအဆင့်အနေနဲ့ အကဲဖြတ်ဒိုင်တွေ တောင်ဆိုတဲ့ အမှုအရာတွေကို လုပ်ဆောင်ပြရမှာဖြစ်တယ်လို့ဆိုပါတယ်။
အကဲဖြတ်ဒိုင်တွေအဖြစ် အကယ်ဒမီ ရန်အောင်၊အကယ်ဒမီ ခန့်စည်သူ၊အကယ်ဒမီ မေသန်းနု၊အပါအဝင် ဝါရင့်ဒါရိုက်တာ၊ဇာတ်ညွန်ဆရာ‌တွေနဲ့ဖွဲ့စည်း ထားပြီး ရွှေကြိုမောင်မယ်တွေကို ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသိရပါတယ်။

image