ယာယီသမ္မတ ပြည်မြို့ ကျက်သရေဆောင် လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်

စေတီတော် ပြတိုက်အတွင်း pagoda digital အွန်လိုင်းဝက်ဆိုဒ်‌ဆောက်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရူ
မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးကို ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့၌ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ထို့နောက် ရွှေဆံတော်စေတီတော် ဗုဒ္ဓပြတိုက်အတွင်း၌ Pagoda Digital Directory Online ဝက်ဆိုဒ်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူတစ်ဦး ကရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အွန်လိုင်းတွင်ဖော်ပြရာ၌ ဘုရားများ၏သမိုင်းအထောက်အထားများ ခိုင်ခိုင်မာမာဖြစ်ရန်လိုကြောင်း၊ ဓါတ်ပုံများကိုလည်း ခေတ်နဲ့ အညီ အရည်အသွေးများဖြစ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် သမိုင်းအထောက်ထားများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်မြို့ ကမ်းနားလမ်းသို့ သွားရောက်ပြီး ညဈေးတန်းဖွင့်လှစ်မှု အခြေအနေများကို လိုက်လံကြည့်ကြည့်ရှုခဲ့ပြီး ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

image