AI နည်းပညာကိုအကျိုးရှိစွာပေါင်းစပ်၍ ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးဆိုင်ရာများ၌အသုံးပြုနိုင်ရန် ဆွေးနွေး

AI နည်းပညာကိုအကျိုးရှိစွာပေါင်းစပ်၍ ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးဆိုင်ရာများ၌အသုံးပြုနိုင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် Huawei မှတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြသည်။
AI နည်းပညာဖြင့်စောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်းများအား နိုင်ငံတကာဘဏ်လုပ်ငန်းကဏ္ဍများအတွက် ပံ့ပိုးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ကျင်းပသည့် "အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကိုတားဆီးကာကွယ်ရေး၌ AI အခန်းကဏ္ဍဆိုင်ရာ"ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် လက်ရှိကြုံတွေ့နေရသည့်အခက်ခဲများကိုဖြေရှင်းရန် လုပ်ဆောင်သင့်သည်များ၊ AI နည်းပညာကို အကျိုးရှိစွာပေါင်းစပ်အသုံးပြုပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးအန္တရာယ်များ၌ ထိရောက်စွာအသုံးပြုနိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲ၌ ဗဟိုဘဏ် ဥက္ကဋ္ဌမှ ဗဟိုဘဏ်အနေဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် နည်းပညာပိုင်းအသုံးပြုပြီး ငွေကြေးလိမ်လည်မှုများမား သက်ဆိုင်ရာ ဆက်စပ်အဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို တို-က်ဖျ-က်ရေးကြီးကြပ်ရေးဗဟိုကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
"ယနေ့ခတ်မှာ နည်းပညာတွေအသုံးပြုပြီး ငွေကြေးလိမ်လည်မှုတွေဟာ နိုင်ငံအသီးသီးရဲ့ ဘဏ်နဲ့ငွေရေးကြေးရေးကဏ္ဍကို ခြိမ်းခြောက်နေပါတယ်" ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
ထို့ကြောင့် AI နည်းပညာဖြင့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ရာဇဝတ်မှုများကို တိကျစွာထောက်လှမ်းခြင်း၊ ကြိုတင်ကာကွယ်တားဆီးခြင်း၊ စောင့်ကြည့်ခြင်း၊ စစ်ဆေးဖော်ထုတ်အရေးယူခြင်းများကို နည်းပညာအသုံးပြုပြီး အကျိုးရှိစွာအသုံးချနိုင်ရေးဆွေးနွေးရန်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

image