ဆွာချောင်းတံတား ရေတို-က်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းစဉ် ပြီးစီး
တောင်တရုတ်ပင်လယ်ပြင်မှ ဝင်ရောက်ခဲ့သော မုန်တိုင်းမိုးများကြောင့် ဆွာချောင်းတံတား၏ ရန်ကုန်ဘက်ခြမ်းကမ်းကပ်ခုံရေတို-က်စားပျ-က်စီးခဲ့သည့်ဖြစ်စဉ်ကြောင့် ရေတို-က်စားကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်ယာယီသမ္မတက ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဆွာချောင်းရေတို-က်စားမှု ကာကွယ်ရန်နှင့် တံတား အဝင်ရေလမ်းကောင်းမွန်စေရန်တို့အတွက် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျားပေ (၁၃၅၀)၊ Steel Basket ရေကာအလျားပေ (၉၀၀) နှင့် သုံးတန်းသွား မျောတိုင်တန်းရေကာ အလျားပေ (၁၅၀) (၆) ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ဩဂုတ်လ (၈) ရက်တွင် စဆောင်ရွက်ခဲ့သည်။
လက်ရှိ၌ လုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကာ လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။