3 ပတ် - ဘာသာပြန်ပါ။

"ကဗျာအိမ်ကလေး""
ချစ်သူနှုတ်ဖွင့်
ပန်းတွေ ပွင့်၍
ရင်ငွေ့ခိုလှုံ
ပြီးပြည့်စုံခဲ့ဖူးပါသည်.....
ခိုမှီပခုံးဦး
မယ့်နဖူးနှင့်
ရူးမူးတမ်းတ
လွမ်းရလေကြောင်း
စာလုံးပေါင်းကာ
ကဗျာအတူ ရေးခဲ့ဖူးပါသည်......
သံစဉ်တေးသွား
ဂီတများကို
နားဆင်ကာနော်
အတူပျော်လို့
ဟစ်အော်ကာလည်း ဆိုခဲ့ဖူးပါသည်......
ခုနေခါများ
တစ်ပါးသူ့ထံ
လွင့်ပျံ့သီချင်း
မူရင်းပိုင်ရှင်
သခင့်ကိုများ
မေ့ထားခဲ့တာ
နှစ်များကြာတော့
လွင့်ပြယ်သွားသော
ကဗျာတောက အိမ်ကလေး
ဟိုး .....အဝေးမှာ ကျန်ခဲ့သည်......။
ရှင်မှူးအိမ်

image