3 ရက် - ဘာသာပြန်ပါ။

နယ်စပ်ပဋိပက္ခအရေးအာဆီယံတွင် ထိုင်းက ရှင်းလင်းတင်ပြမည်

ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပဋိပက္ခ၏ လက်ရှိအခြေအနေများကို တနင်္လာနေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများကို ထိုင်းနိုင်ငံက ရှင်းလင်းတင်ပြသွားမည်ဟု သိရသည်။ လက်ရှိတွင် နယ်စပ်ပဋိပက္ခနှင့်ပတ်သက်၍ တင်းမာမှုများလျှော့ချရန် နှစ်နိုင်ငံစလုံးအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုက မြင့်တက်နေသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာကာ ရပ်စဲမှုကို ထိန်းသိမ်းထားရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံက တောင်းဆိုသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နီခွန်ဒက် ဘလန်ကူရာက ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တနင်္လာနေ့တွင် ကွာလာလမ်ပူရ်၌ ကျင်းပသွားရန် စီစဉ်ထားပြီး ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်သည်။
အစည်းအဝေးသည် နှစ်ဖက်အကြား နယ်စပ်တင်းမာမှုများကို လျှော့ချရန်နှင့် ဖြစ်နိုင်လျှင် အပစ်အခတ်ရပ်စဲရေး ကို ညှိနှိုင်းပေးမည့် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ပြဿနာကို ဖြေရှင်းရန် ကတိကဝတ်ပြုထားဆဲဖြစ်သော်လည်း ကမ္ဘောဒီးယားဘက်က ရိုးသားမှုနှင့် စိတ်ဆန္ဒကောင်းရှိရန် လိုအပ်ကြောင်း မစ္စတာ နီခွန်ဒက်က အလေးပေးပြောကြားခဲ့သည်။
မည်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ မဆို သည် ထိုင်းနိုင်ငံ၏ လုံခြုံရေးအကဲဖြတ်ချက်အပေါ် အခြေခံရမည်ဖြစ်ပြီး အစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ ပါဝင်တက်ရောက်မှုသည် နိုင်ငံ၏ အကျိုးစီးပွား၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

image