3 ရက် - ဘာသာပြန်ပါ။

တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲအစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်သွားမည်

တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲအစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နေခြင်းဖြစ်ကာ တပ်မတော်သည် နိုင်ငံ တော်၏အစိတ်အပိုင်း တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းပင်ဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲအစည်းဖြစ်ပြီး ပြည်သူနှင့်လက်တွဲ၍ နိုင်ငံ တော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားမည်ဟု ပြောသည်။
ထို့ကြောင့် ပြည်သူများနှင့် တစ်သားဖြစ်အောင်နေထိုင်ကျင့်ကြံရန်လိုပြီး မိမိတို့တွေ့ကြုံရသည့် အတွေ့အကြုံများကိုသင်ခန်းစာယူ၍ မိမိကိုယ်ကို၊ မိမိတို့တပ်မတော်ကို၊ မိမိတို့နိုင်ငံတော်အတွက် ကောင်းမွန်အောင်ဆောင်ရွက်ကြရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက်ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသူများကိုတွေ့ဆုံပြီး အားပေးစကားပြောကြားကာ ကုသမှုခံယူနေရသူများ ၏လိုအပ်ချက်များ၊ ဆေးရုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။

image