15 နာရီ - ဘာသာပြန်ပါ။

ပထမဆုံးအကြိမ် ကလောပန်းပွဲတော်ကို ကျင်းပမည်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့‌တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်း ပသွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါပန်းပွဲတော်ကို မောမြေဦးပန်းခြံ၌ ၂၀၂၆ ခုနှစ်၊ ဇန် နဝါရီလ (၁) ရက်မှ (၁၆) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။
ကလောမြို့၊ မောမြေဦးပန်းခြံ ပန်းပွဲတော်၌ နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များ အပါအဝင် ဒေသထွက်ပန်းမျိုးစိတ်များပါဝင်ပြီး သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစား အများအပြား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းပွဲတော်အတွင်း စာကြည့်တိုက်မှ စာအုပ်စာစောင်များကို အနားယူရင်းဖတ်ရှုလေ့လာနိုင်သလို အလှဓာတ်ပုံများရို-က်ကူးနိုင်ရန်နေရာများ၊ ကစားကွင်းများ ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားပြည်သူများ၊ ပန်းချစ်သူများအနေဖြင့် ကလောမြို့ပန်းပွဲတော်ကို လာရောက်လည်ပတ်အပန်းဖြေ လေ့လာကြရန် ဖိတ်ခေါ်ထားသည်။

image