3 ပတ် - ဘာသာပြန်ပါ။

ပေါင် ၁၂၅ သန်းတန်တိုက်စစ်မှူးအီဆက်ခ်ရဲ့ ဒဏ်ရာအခြေအနေအား အန်းဆလော့ ပြောကြားလာ
=======================

လီဗာပူးနည်းပြအန်းဆလော့ဟာ စနေနေ့တုန်းက စပါးစ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိကာ လူစားလဲခဲ့ရတဲ့ ပေါင် ၁၂၅ သန်းတန် တိုက်စစ်မှူးအလက်ဇန္ဒားအီဆက်ခ်ရဲ့ အခြေအနေအား ပြောကြားလာပါတယ်။
လီဗာပူးဟာ မြောက်လန်ဒန်တွင် ၉ ယောက်ကျန် စပါးစ်အား အလက်ဇန္ဒားအီဆက်ခ်၊ ဟူဂိုအီကီတီကီတို့ရဲ့ ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အလက်ဇန္ဒားအီဆက်ခ်ဟာ ပွဲချိန်မိနစ် ၆၀ တွင် ဒဏ်ရာရရှိကာ ဂျီရီမီဖရမ်းပေါင်နှင့် လူစားလဲလှယ်မှု ပြုလပ်ခဲ့ရပါတယ်။
ယခုအခါ အန်းဆလော့က "ပွဲပြီးခါစဆိုတော့ ပြောဖို့ နည်းနည်းစောသေးတယ်။ ဒါပေမယ့် ကစားသမားတစ်ဦး လူစားလဲလိုက်ရတာ ဘယ်တုန်းကမှ မကောင်းပါဘူး။ ဆယ်ယောက်တည်းနဲ့ မကစားချင်လို့ ဖရမ်းပေါင်ကို လူစားလဲလိုက်တာပါ။ ဒီတော့ ဒဏ်ရာက အဆင်ပြေပါတယ်။ အခြားနှစ်ယောက်(အီဆက်ခ်နဲ့ကော်နာဘရက်ဒလေ)အခြေအနေကိုတော့ စောင့်ကြည့်ရမယ်။ တခုကောင်းတာက နောက်တစ်ပွဲကစားဖို့ တစ်ပတ်အချိန်ရသေးတာပါ။ လာမယ့်အပတ်ပွဲအတွက် ကစားသမားတွေ အလုံအလောက် ရှိနေဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ခရစ္စမတ်ပွဲကြပ်ကာလအဖြစ် ၁၂ ရက်အတွင်းတွင် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားရပါမယ်။ ၎င်းတို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အန်ဖီးလ်မှာ ဝုဗ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီး နှစ်သစ်ကူးနေ့တွင် လိဒ်အား ဧည့်ခံကစားရပါမယ်။ ပြီးလျှင် လီဗာပူးဟာ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖူလ်ဟမ်နှင့်လည်းကောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အာဆင်နယ်ကိုလည်းကောင်း အဝေးကွင်းသို့ သွားရောက် ကစားရပါမယ်။

image