4 ပတ် - ဘာသာပြန်ပါ။

ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန် ပိုင်ဆိုင်လာတဲ့ နိုင်ပွဲပျောက် ဝုဗ်
=====================

ဝုဗ်ဟာ စနေနေ့ညတုန်းက Molineux Stadium တွင် ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဘယ်အသင်းမှ မလိုချင်တဲ့ စံချိန်ဆိုးကို ပိုင်ဆိုင်လာခဲ့ရပြီ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ကိန်းလီဝစ်ပေါ်တာရဲ့ အနိုင်ဂိုး ၂ ဂိုးဖြင့် ဝုဗ်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ကိန်းလီဝစ်ပေါ်တာဟာ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
ဝုဗ်ဟာ ဂျော်ဂျင်စထရန်းလာဆင်ရဲ့ နောက်ကျပင်နယ်တီ ကာကွယ်ခံရမှုနှင့်အတူ ချေပဂိုးတောင် မရဘဲ အရေးနိမ့်ခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် ဝုဗ်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲဆက်တိုက် ရှုံးနိမ့်လာကာ ရာသီအစ ၁၇ ပွဲဆက် နိုင်ပွဲပျောက်မှုအများဆုံးစံချိန်တစ်ခုကို လိုက်မီလာပါတယ်။
ဝုဗ်ဟာ ၂၀၂၀-၂၁ ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်ရဲ့ ရာသီအစ ၁၇ ပွဲဆက်နိုင်ပွဲပျောက်တဲ့ စံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေတဲ့ ဝုဗ်ဟာ ဒါဘီကောင်တီရဲ့ ပရီးမီးယားလိဂ္ ၁၁ ပွဲဆက် ရှုံးပွဲစံချိန်ကို လိုက်မီဖို့ ၁ ပွဲတည်းသာလိုပါတော့တယ်။
၎င်းတို့ဟာ ယခုနှစ်မကုန်ခင် လီဗာပူး၊ ယူနိုက်တက်တို့အား အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်လို့ အခြေအနေ ပိုမိုဆိုးရွားလာနိုင်တဲ့ အခြေဆိုက်နေပါတယ်။

image