စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်ထပ်မံကျဆင်း

ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်ထပ်မံကျဆင်းခဲ့ပြီး ဒီဇင်ဘာ (၁၉) ရက်မှ (၂၅) ရက်အထိ ရောင်းချမည့်ဈေးမှာ တစ်ပိသာ (၆၀၅၀) ကျပ်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ (၁၂) ရက်မှ (၁၈) ရက်ထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာကို ကျပ် (၆၁၁၅) ကျပ်ဖြစ်ပြီး ဒီဇင်ဘာ (၅) ရက် မှ (၁၁) ရက်ထိ ဈေးမှာ တစ်ပိသာ ကျပ် (၆၁၄၀) ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိသာ ကျပ် (၆၅၈၅) ကျပ်မှ ယခု ဒီဇင်ဘာ ဒုတိယအပတ်တွင် ကျပ် (၆၁၄၀) အထိ ဈေးနှုန်းဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိသာကို ကျပ် (၄၅၀) ဝန်းကျင်အထိ ကျဆင်းလာခြင်းဖြစ်သည်။
စားအုန်းဆီများကို ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆော င်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။
ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတ ည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။