4 ပတ် - ဘာသာပြန်ပါ။

အမြဲတမ်းနေထိုင်ခွင့် အစီအစဉ် အမေရိကန် ဆိုင်းငံ့

လူနှစ်ဦး‌သေဆုံးခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်က Brown University မှ လူအစုလိုက် အပြုံလိုက် ပစ်ခတ်မှု ဖြစ် ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမြဲ တမ်း နေထိုင်ခွင့်ဗီဇာမဲ( green card )အစီအစဉ်ကို ဆိုင်း ငံ့လိုက်သည်။
ယမန်နေ့က သေဆုံးလျက် တွေ့ရှိခဲ့သည့် ပေါ်တူဂီအမျိုး သားသည် လူမျိုးစုံ ရွှေ့ပြောင်းနေထိုင်မှု ဗီဇာဖြင့် အမေရိ ကန်သို့ ဝင်ရောက်ခဲ့ကာ ၂၀၁၇ ခုနှစ် တွင်အမြဲတမ်းနေထိုင်ခွင့် ရရှိခဲ့သည်။
အန္တရာယ်များသော အစီအစဉ်ကြောင့် အမေရိကန်နိုင်ငံ သားများ ထပ်မံ ထိခိုက်မှုမရှိစေရန် ထရန့်၏ ညွှန်ကြား ချက်အရ ယင်းဗီဇာအစီအစဉ်ကို ဆိုင်းငံ့လိုက်သည်ဟု အမေရိကန် ပြည်ထဲရေးဝန်ကြီး ခရစ္စတီနိုအမ် က ပြော ကြားသည်။
အသက် ၄၈ နှစ်အရွယ် ပစ်ခတ်မှု သံသယရှိသူ ကလော်ဒီယိုနီဗက်စ်ဗလင်တီသည် ယခု သီတင်းပတ်အစောပိုင်း တွင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ပေါ်တူဂီလူမျိုး ပါမောက္ခ နူနိုလူရီရို ကိုလည်း သတ်ဖြတ်ခဲ့ သည် ဟု အမေရိကန်အရာရှိများက ယုံကြည်ကြသည်။
ယင်းဗီဇာအစီအစဉ်အရ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှု နည်းပါးသော နိုင်ငံများမှ လျှောက်ထားသူများ အား ကျပမ်းရွေးချယ်ရေးအစီအစဉ်ဖြင့် တစ်နှစ်လျှင် လူ ၅၀၀၀၀ အထိ ဗီဇာချပေးကြောင်း သိရသည်။
၂၀၁၇ ခုနှစ်က နယူးယောက်မြို့တွင် ထရပ်ကားဖြင့် ဝင်တိုက်မှု ဖြစ်ပွားပြီး လူရှစ်ဦး သေဆုံးခဲ့ချိန်ကလည်း ယင်း ဗီဇာအစီအစဉ်ကို အဆုံးသတ်ရန် ဒေါ်နယ်ထရန့်က ကြိုး စားခဲ့သည်ဟု ဝန်ကြီးနိုအမ်က လူမှုမီဒီယာပေါ် ရေး သားသည်။
ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ပြီးနောက် တစ်သက် တစ် ကျွန်း ထောင်ဒဏ်များစွာ ကျခံနေရသော အိုင်အက်စ် ထောက်ခံသူ ဥဇဘက်ကစ္စတန်နိုင်ငံသား ဆေဖူလိုဆိုင်ပေါ့ဗ်သည်လည်း အမေရိကန်သို့ DV1 အစီအစဉ်ဖြင့် ဝင်‌ ရောက်ခဲ့ကြောင်း နိုအမ်က ပြောသည်။
Brown University ပစ်ခတ်မှုကို ကျူးလွန်သူဟု မသင်္ကာသူ နီဗက်စ်ဗလင်တီ အား နယူးဟမ့်ရှိူင်းယားပြည်နယ် ဆလမ်းဒေသမှ သိုလှောင်ရုံတစ်ခုတွင် မိမိကိုယ်ကိုယ် ပစ် ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆသော သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် နိုအမ်၏ မှတ် ချက်များ ထွက်လာခြင်းဖြစ်သည်။