ထိုင်းရောက် မြန်မာလုပ်သားများအတွက် စီအိုင်သက်တမ်းတိုးစခန်းများအား ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်တိုးဖွင့်လှစ်
ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်)သက်တမ်းတိုးစခန်းများကိုဒီဇင်ဘာ ၃၁ ရက်အထိ ထပ်တိုး ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က ဗန်ကောက်အခြေစိုက်မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ် ပြန်ထားသည်။
CI စာအုပ် သက်တမ်းတိုးစခန်းများကို ဒီဇင်ဘာ ၂၁ ရက်တွင် ပိတ်သိမ်းရန် ကနဦး ကြေညာ ထား သော်လည်း 7-Eleven စတိုးဆိုင်များတွင်ငွေပေးသွင်းသူများ ကျန်ရှိနေသည့်အတွက် ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်တိုးဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
CI စာအုပ် ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ် ပရကန်နှင့် စူရတ်ဌာနီခရိုင်များ တွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင် လည်းမိုဘိုင်းစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရသည်။
CI မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ် ဖြစ်ကာ သက်တမ်း လေးနှစ်ရှိကြောင်း သိရသည်။