4 ပတ် - ဘာသာပြန်ပါ။

အိပ်ရာဘေးတွင် ခြင်ဆေးခွေ ထွန်းထားခဲ့ရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီးသင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် စန္ဒကူးလမ်း အကွက်(၃၀)တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီ၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်ရန်ကုန်သစ်ရပ်ကွက် အကွက်အမှတ် (၃၀) စန္ဒကူးလမ်းနေ အိမ်ငှား ဦး....၏ RC နှစ်ထပ်လူနေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှု အကြောင်းရင်းမှာနေအိမ်ထပ်ခိုးတွင် အိပ်ရာဘေး၌ခြင်ဆေးခွေထွန်းထားရာခဲ့ရာမှ ခြင် ဆေးခွေမီး အိပ်ရာပေါ်လဲကျ၍မီးစတင်လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုအား မီးငြှိမ်းသတ်ယာဉ် ခုနစ်စီး၊ ရေသယ်ယာဉ် ငါးစီး၊အထောက်ကူပြု ၁၉၁ တစ်စီးတို့ ဖြင့်အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးမှူးလက်ထောက် ညွှန်ကြားရေးမှူးဦးကိုကိုကြီး ကွပ်ကဲမှုဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ မိနစ်၂၀ တွင် မီးထိန်း၍ ည ၇ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။