1 ပတ် - ဘာသာပြန်ပါ။

Fifa Arab Cup တတိယနေရာလုပွဲ မိုးကြိုးမုန်တိုင်းများကြောင့် ရပ်ဆိုင်းလိုက်ရပြီးနောက် ကော်မတီအဖွဲ့က အနိုင်ရတဲ့အသင်းအား ဆုံးဖြတ်လာ
=====================

Fifa Arab Cup တတိယနေရာလုပွဲမှာ မိုးကြိုးမုန်တိုင်းများ ကျရောက်နေမှုကြောင့် ပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။
ဒါပေမယ့် လက်ကျန်အချိန်အား ကစားရန် မဖြစ်နိုင်တော့မှုနှင့်အတူ အနိုင်ရတဲ့အသင်းအား ကော်မတီက ဆုံးဖြတ်ချက်ချလာပါတယ်။
ဆော်ဒီနှင့် ယူအေအီးတို့ကစားတဲ့ Fifa Arab Cup တတိယနေရာလုပွဲအား ပရိသတ် ၄၅၀၀၀ ဆန့် Khalifa International Stadium တွင် ကစားခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းပွဲရဲ့ ပထမပိုင်းတွင် ဂိုးမရှိသရေကျပြီးနောက် ဒုတိယပိုင်းအား ရာသီဥတုဆိုးရွားမှုကြောင့် ချီလီဒိုင်လူကြီးခရစ္စတီယန်ဂါရေးက ပွဲအား ဆက်မကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။
ယင်းနောက် ဖီဖာက ကျန်ပွဲချိန် ၄၅ မိနစ်အား ကစားလာတော့မှာ မဟုတ်ဘဲ ကော်မတီအဖွဲ့က အနိုင်ရတဲ့အသင်းအား ဆုံးဖြတ်လာမယ်လို့ ကြေညာခဲ့ပါတယ်။
ယင်းနောက် ၄ နာရီအကြာမှာတော့ ကော်မတီက နှစ်သင်းလုံးအား ပူးတွဲတတိယအဖြစ် ဆုံးဖြတ်ကာ ဆုကြေးများကို အညီအမျှ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဆော်ဒီနှင့် ယူအေအီးတို့ဟာ တတိယနှင့် စတုတ္ထဆု နှစ်ဆုပေါင်း ဆုကြေးအား အညီအမျှ ခွဲဝေ ရရှိလာကြမှာလည်း ဖြစ်ပါတယ်။
ယခုနှစ် Fifa Arab Cup ပြိုင်ပွဲအတွက် ဆုကြေး ပေါင် ၂၇.၃ သန်းအထိ ပေးလာပါမယ်။
Fifa Arab Cup ဆုကို မော်ရိုကိုက အချိန်ပိုတွင် ဂျော်ဒန်အား ၃-၂ ဖြင့် အနိုင်ရကာ ချန်ပီယံ ဖြစ်ထားပါတယ်။