1 ပတ် - ဘာသာပြန်ပါ။

မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်း ငွေတံဆိပ်နဲ့သာကျေနပ်ခဲ့ရ

ထိုင်းနိုင်ငံမှာကျင်းပနေတဲ့၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်၊အမျိုးသားပိုက်ကျော်ခြင်း​လေးယောက်တွဲဖိုင်နယ်မှာ
မြန်မာအသင်းရှုံးနိမ့်ပြီး ငွေတံဆိပ်နဲ့သာကျေနပ်ခဲ့ရပါတယ်။
မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းက ဗီယက်နမ်အသင်းကို ၂-၁ ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတိုရဲ့ အမျိုးသားလေးယောက်တွဲ ဗိုလ်လုပွဲမှာ မြန်မာအသင်းက ဗီယက်နမ်အသင်းကို (၁၅-၉)၊ (၉-၁၅)၊ (၁၅-၁၂)နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယငွေတံဆိပ်ဆုသာ ဆွတ်ခူးရရှိခဲ့ပါတယ်။