1 ပတ် - ဘာသာပြန်ပါ။

အီဘရာဟီမိုဗစ်ရဲ့သား ဗင်းဆင့်အီဘရာဟီမိုဗစ် အေစီမီလန်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

ဆွီဒင်လက်ရွေးစင်ဟောင်း ဂန္ထဝင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ရဲ့သားဖြစ်သူ ဗင်းဆင့်အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အသက်(၄၄)နှစ်ရှိပြီဖြစ်တဲ့ ဇလာတန်အီဘရာဟီမိုဗစ်မှာ သားနှစ်ဦးရှိပြီး သားအကြီးရဲ့အမည်က မက်ဆီမီလီယန်အီဘရာဟီမိုဗစ်၊ သားအငယ်ရဲ့အမည်က ဗင်းဆင့်အီဘရာဟီမိုဗစ်ဖြစ်ပါတယ်။
(၁၉)နှစ်အရွယ် မက်ဆီမီလီယန်က တိုက်စစ်ကစားသမားဖြစ်ပြီး ဆွီဒင်ယူ-၁၉ အသင်းမှာ ကစားနေသလို၊ အေစီမီလန်အရန်အသင်းနဲ့အူ စီးရီးဒီမှာ ကစားနေပါတယ်။
ဗင်းဆင့်ကတော့ ကွင်းလယ်ခံစစ်ကစားသမားဖြစ်ပြီး (၁၇)နှစ်သာရှိသေးတာကြောင့် အခုမှ အေစီမီလန်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ အောက်တိုဘာလကတည်းက အေစီမီလန်ယူ-၁၈ အသင်းမှာ ကစားခွင့်ရနေကြောင်း သိရပါတယ်။
အီဘရာဟီမိုဗစ်ဟာ ကစားသမားဘဝကို အေစီမီလန်အသင်းမှာ အဆုံးသတ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အေစီမီလန်အသင်းပိုင်ရှင်တွေရဲ့ အကြီးတန်းအကြံပေးအဖြစ် ဆောင်ရွက်နေကြောင်း သိရပါတယ်။