အာဆင်နယ်တိုက်စစ်မှူး ဟာဗက်ဇ် ဇန်နဝါရီလလယ်မှ ပြန်ကစားနိုင်မယ်
ဒဏ်ရာကြောင့် အနားယူနေရတဲ့ အာဆင်နယ်အသင်းရဲ့ ဂျာမန်တိုက်စစ်မှူး ဟာဗက်ဇ်ဟာ အစောဆုံးအဖြစ် ဇန်နဝါရီလလယ်မှသာ ပြန်ကစားနိုင်မယ်လို့ သိရပါတယ်။
ဟာဗက်ဇ်ဟာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး လက်ရှိအချိန်အထိ အနားယူနေရတာပါ။
ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ခွဲစိတ်ထားတဲ့ ဒဏ်ရာက နာကျင်တဲ့ဝေဒနာခံစားရတာကြောင့် ပြန်ကစားနိုင်မယ့်အချိန် ထပ်ပြီးနောက်ဆုတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နောက်ဆုံးအြခေအနေအရ ဇန်နဝါရီလလယ်မှ ပြန်ကစားနိုင်မှာဖြစ်တာကြောင့် ပို့စ်မောက်နဲ့ ဆုံတွေ့ရမယ့် FA ဖလားတတိယအဆင့်ပွဲ လူစာရင်းမှာ ပါဝင်လာဖွယ်ရှိကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမားအများအပြား ဒဏ်ရာရရှိမှုနဲ့ ရင်ဆိုင်နေရပေမဲ့ ဒီလထဲမှာ ကစားသမားအတော်များများ ပြန်ကစားနိုင်ခဲ့ကြောင်း သိရပါတယ်။