1 ပတ် - ဘာသာပြန်ပါ။

လီဗာပူးလ်အနေနဲ့ ဆာလာရဲ့ပုံပြင်ထဲကနေ ရုန်းထွက်ရတော့မယ်လို့ အာနယ်ဆလော့ ပြောကြား

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ဆာလာရဲ့ပုံပြင်ထဲကနေ ရုန်းထွက်ပြီး ရှေ့ဆက်သွားရတော့မယ်လို့ ပြောခဲ့ပါတယ်။
''ကျွန်တော် ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။ ဖြစ်ရပ်တွေက ပြောစကားတွေထက် ပိုအသံကျယ်နေတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားနေတယ်။ သူက အသင်းလူစာရင်းမှာ ပါဝင်ပြီး ပထမဆုံး လူစားဝင်မှု ပြုလုပ်ခဲ့တယ်။ အခု သူက
အာဖရိကနိုင်ငံများဖလားပွဲ သွားနေပြီး ပွဲကြီးတချို့ ကစားရမှာမို့ သူတို့(အီဂျစ်အသင်း)အပေါ်မှာ အာရုံစိုက်ထားတာ ဖြစ်သင့်ပါတယ်''လို့ အာနယ်ဆလော့က ပြောခဲ့ပါတယ်။
ဆာလာဟာ လိဒ်စ်နဲ့ပွဲအပြီး အင်တာဗျူးဖြေခဲ့လို့ အင်တာနဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ဘရိုက်တန်နဲ့ပွဲမှာ လူစားဝင်ကစားကာ အသင်းအတွက် ဒုတိယဂိုးကိုလည်း ဖန်တီးပေးထားပါတယ်။
ဆာလာဟာ ဒီဂိုးဖန်တီးပေးမှုနဲ့အတူ ပရီးမီးယားလိဂ်မှတ်တမ်းကောင်းတချို့ကို ပိုင်ဆိုင်နိုင်ခဲ့
ပါတယ်။