ယနေ့နံနက်ပိုင်းတွင် နေရာသုံးခု၌ ငလျင်လှုပ်
ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက်ပိုင်းတွင် လွိုင်ကော်၊ တနိုင်းနှင့် သပိတ်ကျင်းတို့အနီးဗဟိုပြု၍ ငလျင်လှုပ်ခတ်မှုများဖြစ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၂ နာရီခွဲက နေပြည်တော်မြေငလျင်စခန်းမှ အရှေ့ဘက် ၆၁ မိုင်ခန့်ကွာဝေးသော လွိုင်ကော်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ အနက် (၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် နံနက် ၇ နာရီ၊ ၄ မိနစ်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၇၅) မိုင်ခန့်ကွာဝေးသော တနိုင်းမြို့၏ တောင်-အနောက်တောင်ဘက် (၂၆) မိုင်ခန့်အကွာ အနက် (၃၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၁၀ နာရီ ၃ မိနစ်ခန့်ကလည်း သပိတ်ကျင်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၁၉)မိုင်ခန့်၊ အနက် - ၁၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အား ၃ ဒသမ ၀ ရစ်(ခ်)တာစကေး ရှိငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။