ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး ပြင်ဦးလွင်-ဇီးပင်ကြီးခရီးစဉ်နှင့်RBE ရထားဖြင့် ပြင်ဦးလွင်-ဂုတ်ထိပ် ခရီးစဉ် စတင်ပြေးဆွဲပေးမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာ့မီးရထားအနေဖြင့် ဘက်ထရီလျှပ်စစ်စက် ခေါင်းအသုံးပြုပြီး ပြင်ဦးလွင်-ဇီးပင်ကြီး-ပြင်ဦးလွင် ရထားခရီးစဉ်နှင့်RBE ရထားဖြင့် ပြင်ဦးလွင်- ဂုတ်ထိပ်- ပြင်ဦးလွင်ခရီးစဉ်တို့ကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့်အမှတ်(၁၃၁)အဆန်ရထားသည် ဇီးပင်ကြီးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ် ကာ ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ် ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိရပ်နားပြီးဂုတ်ထိပ် (၂)RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက် ရှိမည်ဖြစ်သည်။
ပြင်ဦးလွင်မှ ဇီးပင်ကြီးသို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် ပြင်ဦးလွင်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည့်အမှတ် (၁၃၂) အစုန် RBE ရထားဖြင့် ဆက်လက်
လိုက်ပါနိုင်ပြီး ဇီးပင်ကြီးသို့ ညနေ ၆ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။
ဇီးပင်ကြီး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဇီးပင်ကြီးRBE ရထားခရီးစဉ်တွင် အထက်တန်းလူစီးတွဲတစ်တွဲ၊ ရိုးရိုတန်း လူစီးတွဲနှစ်တွဲနှင့် ဘရိတ်တွဲတစ်တွဲပါရှိပြီး လက်မှတ်ခနှုန်းထားမှာ ဇီးပင်ကြီးမှ ပြင်ဦးလွင် အထိ ရိုးရိုးတန်း ကျပ် ၅၀၀၀ နှင့် အထက်တန်း ကျပ်၁၀၀၀၀ ဖြစ်သည်။
ပြင်ဦးလွင်- ဂုတ်ထိပ်၊ ဂုတ်ထိပ် - ပြင်ဦးလွင်RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်း နိုင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ပြင်ဦးလွင်မှဂုတ်ထိပ်အထိ ကျပ် ၁၅၀၀၀ ဖြစ်ပြီး လမ်းခရီး တွင်ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင် ချိုဘူတာများနှင့်ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်၌ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ် အသွား၊ အပြန်ခရီးစဉ်အတွက်ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွား အေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ RBE ရထား တစ်စင်းလုံး ငှားရမ်းလိုပါက ၂၄ ဦး လိုက်ပါစီးနင်းနိုင်ပြီး အသွား၊ အပြန်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်စုစုပေါင်း ကျပ် ၇၂၀၀၀၀ ကျသင့်မည် ဖြစ်ကြောင်းဒီဇင်ဘာ ၁၈ ရက် ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။