ကယားပြည်နယ်မှ နေရပ်စွန့်ခွာခဲ့သည့်ရသည့် ဝန်ထမ်းများနှင့် ပြည်သူများအတွက် (၄) ကြိမ်မြောက်ထောက်ပံ့ငွေပေးအပ်
စုစုပေါင်း (၁၆,၀၀၀) ကျော်အတွက် ထောက်ပံငွေ ကျပ် (၉၇၈) သန်းကျော် ပေးအပ်
ကယားပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ စတုတ္ထအကြိမ် ထောက်ပံငွေပေးအပ်ခြင်းကို ယမန်နေ့ ဒီဇင်ဘာ (၁၈) ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာ (၃) လစာအတွက် (၄) ကြိမ်မြောက် ထောက်ပံငွေပေးအပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ထိခိုက်ပျ-က်ဆီးခဲ့ရသည့် ပြည်သူများကိုလည်း အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ထောက်ပံငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ဌာနဆိုင်ရာ (၇၆) ခုက ဝန်ထမ်း (၂,၃၂၅) ဦးနှင့် မိသားစုဝင် (၃,၄၃၂) ဦး၊ ပြည်သူ (၁၀,၅၄၅) ဦး စုစုပေါင်း (၁၆,၃၀၂) ဦးအတွက် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ (၃) လစာအတွက် (၄) ကြိမ်မြောက် ထောက်ပံငွေ ကျပ် (၉၇၈ ဒဿမ ၁၂၀) သန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်ထိခိုက်ပျ-က်ဆီးခဲ့သည့် နေအိမ် (၄၈၁) လုံးအတွက် ငွေကျပ် (၇၉ ဒဿမာ ၇၀) သန်း၊ ဘေးသင့်ပြည်သူ (၁,၅၇၉) ဦးအတွက် ဆန်ရိက္ခာဖိုး ကျပ် (၇ ဒဿမ ၈) သန်း၊ စုစုပေါင်းငွေကျပ် (၁၀၆၅ ဒဿမ ၇၁၅) သန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၃၇၁) စုံကို ပေးအပ်ခဲ့ကြောင်း သိရသည်။