4 ပတ် - ဘာသာပြန်ပါ။

နာပိုလီကို အီတလီစူပါဖလားဗိုလ်လုပွဲသို့ ပို့ဆောင်လာတဲ့ ဟွိုင်းလန်း
==================

ရာစမပ်စ်ဟွိုင်းလန်းဟာ ရီယာ့ဒ်တွင် အေစီမီလန်အား အနိုင်ရရှိအောင် ဂိုးသွင်းပြီး နာပိုလီကို အီတလီစူပါဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးလာပါတယ်။
နာပိုလီဟာ ပထမပိုင်းတွင် ဒေးဗစ်နီရက်စ်သွင်းယူတဲ့ဂိုး၊ ဒုတိယပိုင်းတွင် ဟွိုင်းလန်းသွင်းယူတဲ့ဂိုးတို့ဖြင့် အေစီမီလန်အား ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။
နီဗက်စ်ဟာ ပထမပိုင်းပြီးရန် ၆ မိနစ်အလိုမှာ ဟွိုင်းလန်းခင်းပေးမှုကနေ အနီးကပ်အပိုင်ပိတ်သွင်းပြီး နာပိုလီအတွက် ဦးဆောင်ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် ဒုတိယပိုင်း ၆၃ မိနစ်တွင် ဟွိုင်းလန်းက စပီနာဇိုလာချပေးလိုက်တဲ့ ဘောလုံးကနေ ကျဉ်းမြောင်းတဲ့ ထောင့်သို့ တိကျတဲ့ ကန်ချက်ဖြင့် အနိမ့်ဘောကန်ကာ နာပိုလီတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးအားသွင်းယူပေးခဲ့ပါတယ်။
စီးရီးအေချန်ပီယံဟာ ယနေ့ည ဘိုလော့ဂ်နာနှင့် အေစီမီလန်ပွဲစဉ်တို့မှ အနိုင်ရတဲ့အသင်းနှင့် တနင်္လာနေ့တွင် အီတလီစူပါဖလားဗိုလ်လုပွဲ ကစားရပါမယ်။
နာပိုလီဟာ အီတလီစပါဖလား နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့တာ ၂၀၁၄ ခုနှစ်တုန်းက ဖြစ်ပြီး ၂ ကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။