4 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အား လေ့ကျင့်ရေးကွင်း အသုံးပြုခွင့်ပေးလာတဲ့ မန်စီးတီး
======================

မန်စီးတီးဟာ ယနေ့ သောကြာနေ့တွင် ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ဘရန့်ဖို့ဒ်အား လေ့ကျင့်ရေးကွင်း အသုံးပြုကာ လေ့ကျင့်ခန်းဆင်းခွင့် ပေးလာပါတယ်။
ဘရန့်ဖို့ဒ်နည်းပြကိတ်အင်ဒရူးနှင့် အသင်းသားများဟာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို ခါရာဘောင်ဖလားကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ပြီးနောက် ဘရန့်ဖို့ဒ်သို့ မပြန်ဘဲ မန်ချက်စတာရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ အင်္ဂလန်မြောက်ပိုင်းတွင်ပင် ဆက်လက် နေထိုင်ကာ စနေနေ့တွင် Molineux မှာ အမှတ်ပေးဇယားကြမ်းခင်းမှ ဝုဗ်နှင့်ပွဲစဉ်အတွက် ပြင်ဆင်သွားပါမယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ဘရန့်ဖို့ဒ်အသင်းအား အသင်းရဲ့လေ့ကျင့်ရေးကွင်းကို အသုံးပြုခွင့်ပေးလာတဲ့အပြင် ဗုဒ္ဓဟူးနေ့ည ပွဲစဉ်တုန်းက အက်ဘူကိုဒါခူဆာနော့ဗ် အထုတ်ခံရသင့်တယ်လို့ ပြောဆိုခဲ့တဲ့ ဘရန်ဖို့ဒ်နည်းပြကိတ်အင်ဒရူးအား မန်စီးတီးလေ့ကျင့်ရေးကွင်းအဆောင်သို့ ဖိတ်ခေါ်ကာ ကော်ဖီသောက်ရင်း ဆွေးနွေးမှုများပြုလုပ်ရန် ဖိတ်ကြားထားပါတယ်။
ခူဆာနော့ဗ်ဟာ ဂိုးသွင်းဖို့ ကြိုးစားနေတဲ့ ကီဗင်ချာဒီအား ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့်လည်း အနီကတ်ပြသခြင်းမခံခဲ့ရဘဲ အဝါကတ်သာ ပြသခြင်းခံခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ပေါင်သန်း ၂၀၀ အသုံးပြုပြီး ကြီးကျယ်ခမ်းနားတဲ့ လေ့ကျင့်ရေးကွင်းအား တည်ဆောက်ထားရာ ဘရန့်ဖို့ဒ်အသင်းအား လေ့ကျင့်ဆင်းခွင့်ပေးလာနိုင်တာလည်း ဖြစ်ပါတယ်။