အမြန်လမ်း၌ယာဉ်တိုက်မှု တစ်ဦးသေဆုံး၊ ၁၆ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်း၊ လှည်းကူးမြို့နယ်၊ မိုင်တိုင်အမှတ်(၀)အနီးတွင် ယမန်နေ့(ဒီဇင်ဘာ ၁၆ ရက်) ညနေ ၆ နာရီခန့်က ကားနှစ်စီးတိုက်မိရာ တစ်ဦးသေဆုံပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်း လှည်းကူး မြို့နယ်ကြက်‌ခြေနီအသင်းခွဲထံမှသိရသည်။
စက်ရုံကြိုပို့ဖယ်ရီကားနှင့် မီနီဘက်(စ်) ခရီးသည်တင်ကားတို့တိုက်မိခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါအမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး မီနီဘက်(စ်) ယာဉ်မှ ယာဉ်နောက်လိုက်မှာ အခင်းဖြစ်ရာ နေရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။
"လူနာတွေများတယ်ဆိုလို့ ကျွန်တော်တို့သွားကူညီပေးတာပါ။ လူနာတွေက မီနီဘတ်စ်ကားပေါ်က သူတွေပါ။ သူကစက်ရုံကြိုပြီးပြန်လာတဲ့ကား။ ယာဉ်နောက်လိုက်ကတော့ အဲဒီနေရာမှာပဲသေဆုံးသွား တယ်" ဟုလှည်းကူးမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လှည်းကူးမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်နှစ်စီး၊ ပရဟိတအဖွဲ့များမှ လူနာတင်ယာဉ်ခုနှစ်စီးတို့ဖြင့် လှည်းကူဆေးရုံသို့ပို့‌ဆောင်ကူညီခဲ့ပြီး သေဆုံသူအမျိုးသားတစ်ဦးကို ဂရုဏာရှင်အသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။