ရုပ်ရှင်နှင့်ပတ်သက်သည့် လုပ်ငန်းခြောက်မျိုးလိုင်စင်လျှောက်ထားပြီးမှ လုပ်ကိုင်ရန်အသိပေး
ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများ ငှားရမ်းခြင်းအပါအဝင် ရုပ်ရှင်နှင့် ပတ်သက်သည့် လုပ်ငန်းအမျိုး အစားခြောက်မျိုးကို လိုင်စင်လျှောက်ပြီးမှ လုပ်ကိုင်ရနဒီဇင်ဘာ ၁၇ ရက်တွင်ပြန်ကြားရေးဝန်ကြီး ဌာနကအသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကိုလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ပြီးဖြစ်ခြင်းကြောင့် ရုပ်ရှင်လုပ်ငန်းအမျိုးအစား ရှစ်မျိုး အပြင် နောက် ထပ်လုပ် ငန်းလိုင်စင် လျှောက်ထားပြီးမှ လုပ်ကိုင် ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစား ခြောက်မျိုး ကိုလည်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများ ငှားရမ်းခြင်း၊ ရုပ်ရှင် ထုတ်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်း၊ ရုပ်ရှင်စတူဒီယို (sအကိငသ) တည်ထောင် လုပ်ကိုင်ခြင်း၊ ရုပ်ရှင်ကား အရုပ်၊ အသံ ကူးပြောင်းမှုနှင့် အထူးပြုလုပ်ချက်များဆောင်ရွက်ခြင်း၊ အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်ခြင်း၊ အက်ပလီကေးရှင်းများ အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်း၊အွန်လိုင်းပလက်ဖောင်းများ အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းများကို ပြန်ကြားရေး ဝန်ကြီးဌာနပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင်လျှောက်ထား ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေး ဦးစီးဌာနများသို့ လျှောက်ထားရ မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။