ဖုန်းအားသွင်းထားစဉ် အပူလွန်ကဲ၍ ဖုန်းဘက်ထရီပေါက်ကွဲရာမှ မီးလောင်
ဧရာ၀တီတိုင်း ဒေသကြီးကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ပင်လုံရပ်ကွက်တွင် ဖုန်းအားသွင်းထားစဉ် အပူလွန်ကဲ၍ ဖုန်းဘက်ထရီပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီ၄၅ မိနစ်ခန့်တွင် ကျုံပျော်မြို့နယ်ပင်လုံရပ်ကွက် မန်းချောင်းလမ်းရှိ ပိုင်ရှင်ဦး...(၃၆)နှစ်၏ ၁၅_၁၅ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
သတင်းအရ ကျုံပျော်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိဦးအောင်စိန်ဘွင့် ဦးစီးသန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၃ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့သည် မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ် ရေသယ်ယာဉ်တစ်စီး၊ စုစုပေါင်းမီးသတ်ယာဉ် သုံးစီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာည ၈ နာရီ၅၄ မိနစ်တွင် မီးထိန်းနိုင်ပြီး ည ၉ နာရီတွင် မီးငြိမ်းသွားသည်။
မီးလောင်မှုအကြောင်းရင်းမှာ ဖုန်းအားသွင်းထားစဉ် အပူလွန်ကဲ၍ ဖုန်းဘက်ထရီပေါက်ကွဲရာမှ အခင်းဖျာသို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် မီးစတင်လောင်သည့် နေအိမ်ပိုင်ရှင် ဦး...(၃၆) နှစ်အား ကျုံပျော်မြို့မရဲ စခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅ ဖြင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မီးဘေးသင့်အိမ်ထောင်စု သုံးစု၊ကျား သုံးဦး၊ မ ခုနစ်ဦး၊ စုစုပေါင်း ၁၀တို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နံနက် ၀ဝး ၃၀ နာရီခန့်တွင် လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာအုပ်စု ကန်ဘက်ကျေးရွာတွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်လဲကျရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့သည်။