KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ စုစုပေါင်း (၄၅၆) လုံးကို စနစ်တကျ ဖြိုချဖျ-က်ဆီးပြီးဖြစ်
အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျ-က်ဆီးလျက်ရှိရာ အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင် (၃) ထပ်အဆောက်အအုံ (၁) လုံး၊ (၂) ထပ်အဆောက်အအုံ (၁၁) လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ (၁၂) လုံးကို ထပ်မံဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးအနက် (၄၅၆) လုံးကို စနစ်တကျ ဖြိုချဖျ-က်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ အင်ကြင်းလမ်းရှိ အဆောက်အအုံ (၁) လုံးအတွင်း၌ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား (၃) ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟုလည်း သိရသည်။
၎င်းတို့ကို စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးပါက ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။