လွိုင်ကော်နှင့် တနိုင်းမြို့အနီး ငလျင်လှုပ်ခတ်
ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နှင့် တနိုင်းမြို့အနီးတို့တွင် ငလျင်လှုပ်ခတ်မှုများရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။
မိုး/ဇလ၏ ထုတ်ပြန်ချက်အရ ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အနောက်မြောက် ဘက် (၁၁) မိုင်ခန့်အကွာ၌ အနက် (၉) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၂) အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ဆိုသ ည်။
ထိုနည်းတူ ကချင်ပြည်နယ်၊ တနိုင်းမြို့၏ တောင်-အနောက် တောင်ဘက် (၂၆) မိုင်ခန့်အကွာ၌လည်း အနက် (၃၆) ကီလို မီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၂) အဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်ဟုလည်း မိုး/ဇလက ထုတ်ပြန်အသိပေးထားသည်။