6 ရက် - ဘာသာပြန်ပါ။

အရိုးအက်ဒဏ်ရာကြောင့် ခြောက်လကြာ အနားယူခဲ့ရပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်တဲ့ မူစီယာလာ
===================

ဘိုင်ယန်မြူးနစ်စတားဂျာမယ်လူစီယာလာဟာ အရိုးအက်ဒဏ်ရာကြောင့် ခြောက်လကြာ အနားယူခဲ့ရပြီးနောက် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိ ဂျာမနီလက်ရွေးစင်ဟာ ဇူလိုင်လတုန်းက ပီအက်စ်ဂျီနှင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် အနားယူလာခဲ့ရတာလည်း ဖြစ်ပါတယ်။
မူစီယာလာဟာ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အရိုးအက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ခြေကျင်းဝတ်အဆစ်လွဲ ဒဏ်ရာပါ ရရှိခဲ့တာ ဖြစ်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။
သူဟာ လအတန်ကြာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ပြုလုပ်ခဲ့ရပြီးတဲ့နောက် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းထားနိုင်ပါတယ်။
ဗင်းဆင့်ကွန်ပနီဦးဆောင်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ယခုရာသီတွင် မူစီယာလာ မပါဝင်ပေမယ့်လည်း ပြိုင်ပွဲအရပ်ရပ်တွင် ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ မူစီယာလာ လေ့ကျင့်ခန်းစတင် ပြန်ဆင်းနိုင်ပြီ ဖြစ်ပေမယ့်လည်း အလျှင်စလို အသုံးပြုလာဖို့ မရှိဘဲ ဇန်နဝါရီလတွင်မှ စတင် အသုံးပြုရန် စီစဉ်ထားပါတယ်။

image