6 ရက် - ဘာသာပြန်ပါ။

ခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ နယူးကာဆယ်နှင့် မန်စီးတီး၊ ချဲလ်ဆီးနှင့် ပဲလေ့စ်(သို့) အာဆင်နယ် တွေ့ဆုံလာ
========================

ခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင် လန်ဒန်ပြိုင်ဘက်တို့ ရင်ဆိုင်တွေ့လာတော့မှာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီး၊ မန်စီးတီးနှင့် နယူးကာဆယ်တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားပြီး ဖြစ်ကာ ကျန် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပဲလေ့စ်နှင့် အာဆင်နယ်တို့ ရင်ဆိုင်ကစားရပါမယ်။
ချဲလ်ဆီးဟာ ခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင် အာဆင်နယ် သို့မဟုတ် ခရစ္စတယ်ပဲလေ့စ်နှင့် ရင်ဆိုင်ရမှာ ဖြစ်လို့ ဗိုလ်လုပွဲတက်ရောက်ရေး လန်ဒန်ဒါဘီပွဲ ကစားလာရမှာလည်း ဖြစ်ပါတယ်။
တဖက်တွင် လက်ရှိ ချန်ပီယံ နယူးကာဆယ်မှာ မန်စီးတီးနှင့် ရင်ဆိုင်ကစားရပါမယ်။
ချဲလ်ဆီးဟာ အင်္ဂါနေ့တုန်းက ကာဒစ်ဖ်ကို ၃-၁ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်လာတာ ဖြစ်ပြီး မန်စီးတီးမှာလည်း မနေ့ညတုန်းက ဘရန့်ဖို့ဒ်ကို ၂-၀ ဖြင့် အနိုင်ယူကာ ဆီမီးသို့ တက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ နယူးကာဆယ်မှာလည်း စိန့်ဂျိမ်းစ်ပါ့ခ်တွင် ဖူလ်ဟမ်ကို ၂-၁ ဖြင့် အနိုင်ယူကာ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးဆွတ်ခူးနိုင်တဲ့ ဆုဖလားအား ကာကွယ်နိုင်ရေး မျှော်လင့်ချက် ရှိလာခဲပါတယ်။
ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များကို နှစ်ကျော့ကစားပြီး ဆုံးဖြတ်လာပါမယ်။
ချဲလ်ဆီးဟာ ပထမအကျော့အား အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး နယူးကာဆယ်ကလည်း ပထမအကျော့အား စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားလာရပါမယ်။