4 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားဆုကြေးကို ၅၀ ရာခိုင်နှုန်းတိုးမြှင့်ပေးလာမယ့် ဖီဖာ
====================

ဖီဖာက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်တဲ့အသင်းများအား ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေးအပ်လာမယ်လို့ ကြေညာလာပါတယ်။
ဖီဖာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းအား အဆမတန် မြင့်မားစွာ သတ်မှတ်မှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခံရပြီးနောက် ယခုကဲ့သို့ ဆုကြေးကို တိုးမြှင့်ပေးအပ်လာမယ်လို့ ကြေညာလာတာလည်း ဖြစ်ပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုကြေး စံချိန်တင် ဒေါ်လာ ၇၂၇ သန်းပေးအပ်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံအသင်းက ဒေါ်လာသန်း ၅၀ အထိ ရရှိလာမှာ ဖြစ်ပြီး ဒုတိယ ရရှိတဲ့အသင်းက ဒေါ်လာ ၃၃ သန်း ရရှိလာပါမယ်။ ဒါ့အပြင် ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရောက် အသင်းတိုင်းအား ဒေါ်လာ ၉ သန်းပေးလာပါမယ်။
ဒါ့အပြင် ဖီဖာဟာ ပြိုင်ပွဲဝင် အသင်းတိုင်းအတွက် ပြင်ဆင်စရိတ် ဒေါ်လာ ၁.၅ သန်းပေးလာမှာ ဖြစ်ပြီး အသင်းတိုင်းဟာ အနည်းဆုံး ဒေါ်လာ ၁၀.၅ သန်း ရရှိလာပါမယ်။
ဖီဖာဟာ လက်မှတ်ဈေးနှုန်းမြင့်မားစွာ သတ်မှတ်မှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခံရပြီးနောက် ဈေးနှုန်းသက်သာတဲ့ ဒေါ်လာ ၆၀ တန် လက်မှတ် ရောင်းချလာမယ်လို့ ကြေညာပြီးနောက် ယခုကဲ့သို့ ဆုကြေးတိုးမြှင့်ပေးအပ်လာမယ်လို့ ကြေညာလာတာလည်း ဖြစ်ပါတယ်။
ဖီဖာဟာ ဒေါ်လာ ၆၀ တန် တန်ဖိုးသင့်လက်မှတ်အား ပွဲတိုင်းတွင် တစ်သင်းလျှင် ၁၀ ရာခိုင်နှုန်းစီ (စောင်ရေရ ၄၀၀ ခန့်) ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

image