ရွေးကောက်ပွဲ မဲပေးနိုင်ရေး နိုင်ငံတော်က ပြင်ဆင်ဆောင်ရွက်ထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး လုံခြုံရေး ကို ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးနိင်ရန် အရေးကြီးကြောင်း မဲပေးနိုင်ရန် နိုင်ငံတော်အပိုင်းက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောသည်။
ယမန်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ မြို့မိမြို့ဖများ နှင့်တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဓိကအရေးကြီးသည်မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဖြစ်သည့် အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကပြောသည်။
ရွေးကောက်ပွဲ ပြုလုပ်မှသာ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သို့မှသာ လွှတ်တော်ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး နိုင်ငံတော် အာဏာကို အစိုးရသစ်အား ပြန်လည်လွှဲပြောင်းမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ (၁၁)ရက် နှင့် တတိယပိုင်းကို အပိုင်း(၂)အပြီး နှစ်ပတ်အကြာ၌ ပြုလုပ်မည်ဖြစ်ကြောင် သိရသည်။